မြေဩဇာတင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် ၈၉၁၉ စောင်ကို စိစစ်ခွင့်ပြုပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေဩဇာတင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် ၈၉၁၉ စောင်ကို စိစစ်ခွင့်ပြုပေးပြီးဖြစ်

 


MNP ၊ ဧပြီ ၁

မြေဩဇာကော်မတီ၏ (၃၅)ကြိမ် မြောက် အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ကိုဗစ် - ၁၉  ကပ် ရောဂါ၏ နောက်ဆက်တွဲ သက် ရောက်မှုများကြောင့် ကုန်သွယ်မှု အခက်အခဲများနှင့်     ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအပါအဝင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဈေးနှုန်း မတည်ငြိမ်ခြင်း၊ စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာခြင်းများ ဖြစ်ပေါ်လျက်ရှိရာ မိမိတို့နိုင်ငံ၏ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့ တိုးတက်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် သီးနှံအထွက်တိုးရေးအတွက် အရေးပါသည့်  မြေဩဇာများကို  အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ကိုက်ညီစွာသုံးစွဲနိုင်ရေး စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ မြေဩဇာ ကော်မတီဝင်များ  စုံညီစွာတက် ရောက်ခဲ့ကြပြီး  မြေဩဇာတင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် လျှောက်ထားလာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မြေဩဇာကော်မတီ၏ (၃၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာ တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင် စုစုပေါင်း ၈၉၁၉ စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ မြေဩဇာ တင်သွင်း၊ တင်ပို့၊ ထုတ်လုပ်ခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူအဆင် ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းစနစ် မှတ်ပုံတင်လျှောက် ထားနိုင်ရန်    MAIRS Online System စနစ် ဖွင့်လှစ်ပေးထားပြီး မှတ်ပုံတင် လက်မှတ်များ၊ ထောက်ခံချက်လက်မှတ်များကို  စာရွက်စာတမ်းများအနေဖြင့် ထုတ်ပေးခဲ့ကြောင်း၊ မြေဩဇာကော်မတီ၏ (၃၅)ကြိမ်မြောက် အစည်းအဝေးတွင် စိစစ်ခွင့်ပြုပေးမည့် မှတ်ပုံတင်များ၊ ထောက်ခံချက် များမှစတင်၍ Online မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)