ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်းပြီး အေရိုးဗစ်သင်တန်းဖွင့်လှစ်


MNP - ဧပြီ    ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းအဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး အေရိုးဗစ်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် နွေရာသီ အေရိုးဗစ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ကြောင်းသိရသည်။ ကျွန်မတို့ ညောင်ဦးခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာနအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေနွေရာသီကာလမှာ အချိန်ကိုအကျိုးရှိရှိ အသုံးပြုတတ်စေဖို့နဲ့ အားကစားနဲ့ကာယပညာကို စိတ်ဝင်တစားနဲ့ လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်း တွေရရှိအောင် ကျွန်မတို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အေရိုးဗစ် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဒေါ်တင့်တင့်ဝင်း (ဦးစီးအရာရှိ)က ရှင်းပြသည်။ အဆိုပါ အေရိုးဗစ်သင်တန်း သင်တန်းသား/သူစုစုပေါင်း(၂၅)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလမှာ ဧပြီလ(၅)ရက် နေ့မှ (၉)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)