ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



MNP - ဧပြီ    ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များ ရှင်သန်လည်ပတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ကျေးရွာစာကြည့်တိုက်များ လည်ပတ်နေမှုအခြေ အနေများ၊ ကျေးရွာနေ ပြည်သူများ စာအုပ်-စာစောင်များအား ငှားရမ်းဖတ်ရှုမှု အခြေအနေများ၊ စာကြည့်တိုက်များ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများရှိ စာကြည့်တိုက်များတွင် ကျောင်းသား/ကျောင်းသူများနှင့်‌ ဒေသခံပြည်သူများမှ စာအုပ်-စာစောင် ငှားရမ်းဖတ်ရှုမှု အခြေအနေများ၊ စာဖတ်-စာဌာအသင်းဝင်များ၏ လစဉ်လှူဒါန်းမှုငွေများဖြင့် စာအုပ်စာစောင်များ တိုးပွားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ မြို့နယ်စာကြည့်တိုက်အနေဖြင့် စာအုပ်-စာစောင်များကို လှူဒါန်းပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)