MNP - ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် မြို့လည်သံတန်ဆောင်းတော်ကြီး အတွင်းတွင် ကိန်းဝပ်စံပယ်တော်မူ လျက်ရှိသော နှစ်ကျိပ်ရှစ်ဆူ ဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို ယမန်နေ့ ညနေ (၅)နာရီ မှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အပူဇော်ခံပွဲသို့ မြို့လည်သံတန်ဆောင်းတော်ကြီး၏ သြဝါဒစရိယဆရာတော်များ၊ ဝန်ဆောင်ဆရာတော်များက ဦးဆောင်၍ မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် ကပ်ရောဂါအပေါင်းမှ ကင်းရှင်းစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသစာရီကြွချီ အပူဇော်ခံရာ လမ်းတစ်လျှောက်တွင် ရဟန်း သံဃာတော်များက ပရိတ်၊ ပဌာန်းဒေသနာတော်များကို ရွတ်ဖတ်တော်မူကြပြီး အကျိုးတော်ဆောင် အဖွဲ့များက ပရိတ်ရေများအား ဝေငှလှူဒါန်းခြင်းနှင့် လမ်းများတစ်လျှောက် ပက်ဖြန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment