မိုးမိတ်မြို့နယ်တွင် ၁၃၈၃ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် ၁၃၈၃ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP -  ဧပြီ   ၅   

မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မဟာသကြန်ကာလအတွင်း ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပ နိုင်ရေး ညှိနှိုင်းအစည်းအဝးကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ ဦးအောင်ဘော်က မဟာသင်္ကြန်ကာလအတွင်း မဟာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး၊ မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားနာယူပွဲတို့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီ အသီးသီးတို့နှင့် ညှိနှိုင်းဆွေနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး သင်္ကြန်ကာလအတွင်း သင်္ကြန်အကြိုနေ့မှစတင်၍ မြရည်နန္ဒာပန်းခြံအတွင်းတွင် မဟာသင်္ကြန် မဏ္ဍပ် ထိုး၍ ကပြဖျောဖြေမှုများ၊ စတုဒီတာကျွေးမွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 သတင်း - စည်သူဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)