ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၅)ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀) သန်းကို ခွင့်ပြုပေးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၅)ခု ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၁၁.၀၀) သန်းကို ခွင့်ပြုပေးထား





MNP - ဧပြီ   ၂၂

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာရန်အတွက် အဓိက အခရာကျသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းနေမှ ကုန်ကျစရိတ်များလည်း လျော့ချနိုင်မည်ဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်တွင်လည်း  နိုင်ငံတကာနှင့် ယှဉ်ပြိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်နေရသလို ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင်လည်း မိမိပြည်နယ်ထဲကို ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများရောက်ရှိလာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အလားတူ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များကိုလည်း Investment  လုပ်နိုင်ရန် တွန်းအားပေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ဝင်ရောက်ပြီးသော Investment  လုပ်ငန်းများကိုလည်း လွယ်ကူချောမွေ့စေရန် လုပ်ငန်းများ စနစ်တကျ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်အောင်မြင်မြင်ဖြစ်ရန် ဝိုင်းဝန်းထိန်းကျောင်း ကူညီဆောင်ရွက်ပေးကြရန်နှင့်  Investment  လုပ်ငန်းများ အောင်မြင်ကြပြီး ရရှိလာသည့် အကျိုးအမြတ်များကို ပြည်နယ်အတွင်းတွင် ထပ်မံရင်းနှီးမြှုပ်နှံကြရမည်ဖြစ်၍ ပြည်နယ်စီးပွားဖွံဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလေးနိုင်မှ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Unbxing Investment Facilitation Toolkit 2022 ၏ အီလက်ထရောနစ် တွေ့ဆုံခြင်းဝန်ဆောင်မှုစနစ်  ( DICA Online Solution - DOSo) စနစ်၊ တစ်နေရာတည်း အလုံးစုံ ဝန်ဆောင်မှုပေးသည့်အဖွဲ့ (One Stop Service) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ (Standard Operation Producers) Cost Of  Doing Business in Myanmar Survey Report 2022 နှင့် DICA Info Android Mobile Application တို့ကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ(၁၁.၀၀)သန်းကို ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၃)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ(၆.၉၀၄)သန်း အပါအဝင် ကျပ်သန်း (၃၁၆၂၀.၇၅)ကို ခွင့်ပြုပေးထားခဲ့ပြီး အဆိုပါလုပ်ငန်းများမှ ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်ခွင့်အလမ်းအနေဖြင့် ပြည်တွင်း(၉၉၄)ဦးနှင့် ပြည်ပ(၅၃)ကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)