ငဖဲမြို့၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့၌ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - ဧပြီ   ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင်က မဟာသင်္ကြန် ရေသဘင် ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားသည်။

၂၀၂၂ ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနရုံးရှေ့တွင် ဗဟိုရေကစား မဏ္ဍပ်တည်ဆောက်ပြီး သင်္ကြန်ယိမ်း အကများဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရေကစားမဏ္ဍပ်တွင် မည်သူမဆိုလာရောက် ပါဝင်ဆင်နွှဲနိုင်ပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကာ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွား ပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ် တရားတော် နာယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မယု 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)