(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချ






MNP ၊ ဧပြီ ၂၃

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပသည်။


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။


ထို့နောက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀ ထိ ပုလဲအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။


ယနေ့ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၂၀  အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူ များက တင်ဒါအမှတ် (၁) ကို မွန်းတည့် ၁၂ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၄ နာရီခွဲတွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၂၂၀) ရောင်းချရကြောင်းကြေညာသည်။


ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်းရှိ ပုလဲ အတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။


ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၃၃၀ အနက်မှ ပုလဲအတွဲအမှတ် ၂၂၁  မှ  အတွဲ အမှတ် ၃၃၀  ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက် လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ယနေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ် ရတနာသက် မွေးနည်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက မဏိရတနာကျောက် စိမ်းခန်းမ အတွင်းပြသထားသည့်  ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များနှင့် ခန်းမအပြင်ဘက်ရှိ သတ်မှတ်နယ်မြေ အလိုက်ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို လာရောက် လေ့လာကြည့်ရှုကြရာ ပြပွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင် များကို ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာဝယ်ယူသူများကိုလည်း တွေ့ရ သည်။


ယခုကျင်းပပြုလုပ်သည့် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၀၀၀ တို့ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များကို  ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)