ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချနေသောဆိုင်များလိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချနေသောဆိုင်များလိုက်လံစစ်ဆေး




MNP - ဧပြီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ဒိုက်ဦးမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ရောင်းချနေသော ဆပ်ပြာခဲများ၌ကုန်အညွှန်းအမှတ်အသားပါ/ မပါကုန်ညွှန်းအမှတ်အသားတွင် ဖေါ်ပြသောအလေးချိန်နှင့် မှန်ကန်မူရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီးနောက် စားသောက်ကုန်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းဟောပြောခြင်း လုပ်ငန်းများကိုလည်းကောင်း၊ စားသုံးသူနှင့်ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများတိုင်ကြားနိုင်သည့် Website များကိုလည်းအသီးသီး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများ အကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)