MNP ၊ ဧပြီ ၂၁
သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ လူမူဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းတွင် လိုအပ်သော ပြုပြင်ခြင်းလုပ်ငန်းများအတွက် ကုန်ကျစရိတ်အားလုံးကို ဒေသခံအလှူရှင်မိသားစုတစ်ခုမှ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းသည် သက်တမ်းနှစ် (၃၀)နီးပါးရှိနေပြီးဖြစ်သည့်အတွက် အမိုးအကာများ၊ မျက်နှာကျက်များနှင့် ကျောင်းအဆောက်အဦပိုင်းဆိုင်ရာတချို့ ပျက်စီးမှု ရှိလာသောကြောင့် လိုအပ်သော ပြန်ပြင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများတို့မှ အလှူရှင်ရရှိရေးကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
လက်ရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းပြုပြင်ခြင်းလုပ်ငန်း ကုန်ကျစရိတ်အားလုံးအတွက် ဒေသခံဖြစ်ကြသည့် ဒေါ်ကင်းပုန်း (ရတနာပုံ)ရွှေဆိုင်မိသားစုမှ တာဝန်ယူ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းမိသားစုမှ သိရသည်။
၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့သော ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းမှာ အလျား ၃၀ ပေ၊ အနံ ၁၁၀ ပေရှိပြီး ကျောင်းသားကျောင်းသူ (၈၀)ဦးခန့်တက်ရောက်နိုင်ကြောင်း သိရသည်။
ယင်းမူကြိုကျောင်းကို အသက် ၃ နှစ်မှ ၅ နှစ်အရွယ်ထိ တက်ရောက်နိုင်ပြီး တစ်လလျှင် တစ်သောင်းခွဲကျပ် လစဉ်ကြေးပေးသွင်းရမည်ဖြစ်ပြီး ဆရာမ သုံးဦးမှ ကြည့်ရှု့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment