တောင်ကြီး၌ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီး၌ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆို

 



MNP - ဧပြီ   ၂၃

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးကောလိပ်၊ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံ၏ပညာရေးရည်မှန်းချက် တစ်ခုဖြစ်သည့် ပညာအခြေပြု လူ့စွမ်းအားအရင်းအမြစ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝ ကျွမ်းကျင်သော ဆရာ၊ ဆရာမများအဖြစ် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် အခြေခံပညာ ဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာန တို့မှ ပညာရေးဘွဲ့ (B.Ed) မရရှိသေးသည့် ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး ပညာရေးဘွဲ့ (စာပေးစာယူ) ပထမနှစ်(ပထမအသုတ်) သင်တန်းကို ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်းတွင် ၂၀၂၂ခုနှစ် ဧပြီလ(၂၀)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမှာဖြစ်ပြီး တောင်ကြီးပညာရေး ဒီဂရီကောလိပ်တွင် တက်ရောက်မည့် သင်တန်းသားများမှာ ရှမ်းပြည်နယ် တောင်ကြီးခရိုင်(၂၈၃)ဦး၊ လွိုင်လင်ခရိုင်(၆၃)ဦး၊ လင်းခေးခရိုင်(၂၅)ဦး၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်-နည်းပြ(၉)ဦး စုစုပေါင်း (၃၈၀)ဦးဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရှိ ပညာရေးဒီဂရီ ကောလိပ်(၃)ကျောင်းတွင် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်းကို တိုးချဲ့ဖွင့်လှစ်ခြင်းအားဖြင့် ရှမ်းပြည်နယ် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများအတွက် စဉ်ဆက်မပြတ်သင်ယူမှု အခွင့်အလမ်းများရရှိလာပြီး သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ လိုအပ်နေသည့် အထက်တန်းပြ ရာထူးနေရာများတွင်လည်း အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း(၁/၂၂)အတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ် ဒေါ်နှင်းကြူဦးက လက်ခံရယူ၍ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)