သံတွဲခရိုင်၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲကျင်းပ




MNP ၊  ဧပြီ   ၂၉

သံတွဲခရိုင်၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားသည်။ထိုသို့ပြောကြားရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ(၂၂၀)ပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရသည် စီးပွါးရေးမူဝါဒများကိုချမှတ်ထားပြီး ယင်းမူဝါဒနှင့်အညီ လိုအပ်သောစီမံကိန်းများကိုရေးဆွဲပြီး နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများကို ရေးဆွဲ အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ရခိုင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ နှစ်စဉ် ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းစဉ်နှင့် မျှော်မှန်းချက်များဖြစ်သည့် “ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများငြိမ်းချမ်း၍ သာယာဝပြောပြီး အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုဆီသို့” နှင့် ရည်မှန်း ချက်ဖြစ်သည့်  “ရခိုင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံသည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်သော စီးပွားရေးနှင့် ပြည်သူအားလုံးရရှိခံစားနိုင်စေရန်”ဟူသော ဆောင်ပုဒ်များနှင့် အညီ ပြည်ထောင်စု  အခွန်အကောက်ဥပဒေ ၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာ စည်းမျဉ်း၊ တင်ဒါလုပ်ထုံးလုပ်နည်းဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျ  အကောင်အထည်  ဖေါ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အဆင့်လိုက် အဆင့်လိုက် ကြီးကြပ်ပေးဖို့လိုအပ် ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီအတွင်းရေးမှူး ၊ခရိုင်စီမံကိန်း ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နှစ်စဉ်ရည်မှန်းချက် အကောင်အထည် ဖေါ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များကိုမြို့နယ်အလိုက် တာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်က ပေးအပ်ရာ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တောင်ကုတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ တို့ကလက်ခံရယူကြပြီး ဂွမြို့၏ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီအတွင်းရေးမှူးကပေးအပ်ရာ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက လက်ခံရယူခဲ့ကြပြီး ရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေး ကော်မတီဥက္ကဌ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သံတွဲခရိုင်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ရမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များအနေဖြင့် သံတွဲမြို့နယ်တွင် လုပ်ငန်း ( ၁၃၉ )ခု ခွင့်ပြုငွေကျပ်သန်း (၉၀၇၀.၄၆၅)သန်း၊ တောင်ကုတ်မြို့နယ်တွင် လုပ်ငန်း (၁၀၁)ခု ၊ ခွင့်ပြုငွေကျပ်သန်း(၁၀၀၀၂.၄၁၈)သန်းနှင့် ဂွမြို့နယ်တွင် လုပ်ငန်း (၇၀)ခု၊ ခွင့်ပြုငွေကျပ်သန်း( ၈၈၆၁.၉၉၄)သန်းဖြစ်ပြီး ခရိုင်ချုပ်အနေဖြင့် လုပ်ငန်း    (၃၁၀)ခု၊ခွင့်ပြုငွေကျပ်သန်း(၂၇၉၃၄.၈၇၇)သန်းဖြင့်အကောင်အထည်ဆောင်ရွက်ရမည့် စီမံကိန်းတာဝန်များ ဖြစ်ကြောင်း ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည် ဖေါ်ရေးကော်မတီအတွင်းရေးမှူး ထံမှသိရှိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)