စစ်ကိုင်းမြို့ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး



MNP - ဧပြီ   ၆

စစ်ကိုင်းမြို့ မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းမြို့ရဲ့ မဟာသင်္ကြန် ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်တဲ့အတွက် လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မိမိတို့ ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် မဖြစ်မနေသုံးစွဲကုန်ကျမည့် အသုံး စရိတ်များကိုပါ တစ်ပါတည်း ဆွေးနွေးတင်ပြသွားကြစေလိုကြောင်း အထူးသဖြင့် လုံခြုံရေးကျိုးပေါက်မှုမရှိရေး အလေး ထား ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများက မိမိတို့ ကော်မတီအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းများနှင့် အသုံးစရိတ်များကို ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)