တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်





MNP - ဧပြီ    ၅

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည့် အဓိကမဏ္ဍိုင်(၃)ရပ်ကို ရေရှည်စဉ်ဆက်မပြတ် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အဓိကလုပ်ငန်းတစ်ရပ်အနေဖြင့် ထည့်သွင်းဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိမ်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများအကြား ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးနေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသလို နိုင်ငံတစ်ဝှမ်းရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းစဉ်များအား ထည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးကြောင်း၊  အများပြည်သူများအနေဖြင့် ကျယ်ပြန့်စွာ သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်ရန်အတွက် ပြည်သူလူထုအား အသိပညာပေးခြင်းလုပ်ငန်းများကို အဓိက လုပ်ငန်းစဉ်တစ်ခုအနေဖြင့် အမြဲမပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးကို ဦးတည်ပြီး စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည့် အဓိကမဏ္ဍိုင်(၃)ရပ်အား ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရာတွင် ရလဒ်ကောင်းများရရှိစေရန် ဦးစားပေးဆောင်ရွက်သင့်သောလုပ်ငန်းများ၊ နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားအဆင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီအား ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကော်မတီဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် အများပြည်သူများသိရှိနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပိုစတာများစိုက်ထူခြင်း၊ လက် ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူမှုကွန်ရက်စာသင်ကျောင်းများနှင့် အခြားသက်ဆိုင်ရာဌာန ဆိုင်ရာများကဖွင့်လှစ်သော သင်တန်းများတွင် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းအောင်က ယခင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေးများမှ ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအကျဉ်းချုပ်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြရာကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)