သံတွဲခရိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေး



MNP - ဧပြီ   ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇:၃၀ နာရီမှစတင်၍ မြန်မာ့စီးပွါးဘဏ်ရှိဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၂၅၀၀)ကျော်ရှိပြီး ဧပြီ ၂၁ ရက် နေ့မှစတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇:၃၀ နာရီမှ နေ့လယ် ၂နာရီထိ ပင်စင်လစာ ငွေများကို ထုတ်ပေးသွားမည်ဖြစ်သည်။ ပင်စင်လစာများကို မြန်မာ့စီးပွါးရေးဘဏ်တွင် ကိုယ်တိုင် လာရောက်ထုတ်ယူသူများရှိသလို၊ သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စား ဝန်ထမ်းများအား မေလဆန်း ဘဏ်လုပ်ငန်းချိန်များတွင် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ပြီး ပင်စင်လစာများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

သတင်း - သန့်ဇင်  

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)