ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတော်ကြီးနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာဟိတပရိယတ္တိစာပြန်၊ စာဖြေပွဲတော် ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်းတယမြို့နယ်၌ ၂၀၂၂ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲတော်ကြီးနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာဟိတပရိယတ္တိစာပြန်၊ စာဖြေပွဲတော် ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးကျင်းပ





MNP - ဧပြီ ၂၃


ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ပင်းတယ စာဖြေဌာနမှ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် (၂၀၂၂)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတော်ကြီးနှင့် မြို့နယ်လုံးဆိုင်ရာ သာသနာဟိတပရိယတ္တိ စာပြန်စာဖြေပွဲတော် ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ပင်းတယမြို့နယ် ရွာငယ်ကျောင်းသစ် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကြပြီး၊ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများက ဆရာတော်သံဃာတော်များအား ရှိခိုးကန့်တော့ကြ၍ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။


ထို့နောက် ပင်းတယမြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဦးစန္ဒောဘာသမှ စာမေးပွဲတော်နှင့် ပတ်သက်၍ သြဝါဒစကားမိန့်ကြားပေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က စာဖြေပွဲတော်ဆိုင်ရာ ကိစ္စအားပြန်လည် လျှောက်ထားခဲ့သည်။


ဆက်လက်၍ ဆွမ်း၊ ကွမ်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက အစိုးရပါဠိပထမပြန် စာဖြေပွဲတော်နှင့် ပင်းတယမြို့နယ်လုံးဆိုင်ရာ စာပြန်၊စာဖြေပွဲတော်နှင့် ပတ်သက်၍ ဆရာတော် သံဃာတော်မြတ်ထံ ပြန်လည်လျှေက်ထားပေးကာ၊ ကြွရောက်လာသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် အစည်းအဝေး တက်ရောက်လာသူများမှ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။


ယခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မူ)တန်းများကို ၁၃၈၄ခု၊ ကဆုန်လဆန်း (၈)ရက် (၇.၅.၂၀၂၂)ရက် စနေနေ့မှကဆုန်လဆန်း(၁၄)ရက် (၁၃.၅.၂၀၂၂)ရက် သောကြာနေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပထမကြီးတန်း(၈)ပါး၊ ပထမလတ်တန်း(၁၅)ပါး၊ ပထမငယ်တန်း(၂၇)ပါး၊ အခြေပြုမူလတန်း(၉၈)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း၊ ပင်းတယမြို့နယ်လုံးဆိုင်ရာ စာဖြေ၊စာပြန်ပွဲတော်ကြီးအား ကဆုန်လပြည့်ကျော် ၁၁ ရက်နေ့မှ ကဆုန်လကွယ်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)