ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ လူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ ညနေ(၄) နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းတွင် သင်ယူတတ်မြောက်ခဲ့သော ပညာရပ်သည် အရေးကြုံခဲ့ပါက ထိရောက်မှုရှိသည့်အတွက် မိမိကိုယ်တိုင်နှင့်မိသားစုများ၊ ပတ်ဝန်းကျင်ရှိပြည်သူများအား  လက်တွေ့အသုံးချကာ ကူညီကြစေလိုကြောင်းနှင့်  ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူးဒေါ်နွဲ့နွဲ့ထွေးက ရှေးဦးပြုစုခြင်းဖြင့် လူတစ်ဦးတစ်ယောက်၏ အသက်ကို အမှန်တကယ် ကယ်ဆယ်နိုင်သည့်အတွက် သင်တန်းသား /သင်တန်းသူများအနေဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ဝင်ရောက်ပြီး လိုအပ်သည့်နေရာများတွင် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့ သည်။

ထို့နောက် သင်တန်းတွင် ပထမဆုရရှိခဲ့သည့် မသီရိသုန်သုန်၊ ဒုတိယဆုရရှိခဲ့သည့် မကျော့ရတီစံနှင့် တတိယဆုရရှိခဲ့ကြသည့် မနုနုခိုင်တို့အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအသင်း၏ အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း အကြောင်းများ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ တုပ်ခြင်းအဆစ်လွှဲခြင်း၊ ကြွက်သားနှင့်အရိုးဆက် အကြောဒဏ်ရာများအကြောင်း၊ လူနာကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံအသက်ကယ်အထောက် အကူပြုနည်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)