ပေါင်မြို့နယ်တွင် အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး



MNP -  ဧပြီ   ၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈) နှစ်ထက် ဒေသနေပြည်သူများ၊ အ‌ကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ‌ ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်းမှကြီးကြပ်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်(၄)ရပ်ကွက်နှင့် ကတွန်၊ သဲဖြူကုန်း၊ ထန်းပင်ချောင်းကြီး ကျေးရွာများရှိ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊ မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့် စုစုပေါင်း (၁၁၀) ဦးကို စတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)