သိန္နီမြို့၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်




MNP - ဧပြီ   ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ရောင်းချမှုရှိ/မရှိ နှင့် ပစ္စည်းတွင်ပါဝင်ရမည့် အလေးချိန် ကီလိုကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သိန္နီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့မဈေးကြီးအတွင်း၌ သွားရောက်စစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ စားသုံးရေးရာဦးစီးဌာနက ဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနကဝန်ထမ်းများသည် သိန္နီမြို့ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များ တွင် Paris ဆပ်ပြာတွင်ကပ်နှိပ်ထားသည့် ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/မရှိနှင့် အခြားကုန်ပစ္စည်းများ၏ ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။သိန္နီမြို့နယ်အတွင်း ကုန်ပစ္စည်းများ ဈေးနှုန်းမှန်ရောင်းချမှု ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားပါ အလေးချိန်ကိုက်ညီမှုရှိ/ မရှိနှင့် ရောင်းချသည့်ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်ကို စားသုံးသူများသိရှိနိုင်ရေး မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားခြင်းရှိ/မရှိကိုလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိန္နီမြို့စားသုံးသူရေးရာဦးစီးဌာန ဒေါ်ဖြိုးသဇင်စိုး (ဒုတိယဦးစီးမှူး) ထံမှသိရသည်။

သတင်း - စောဥမ္မာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)