ကဝမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ ထောက်ပံ့ပေးဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေများ ထောက်ပံ့ပေးဝေ



MNP - ဧပြီ   ၂၃

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေထောက်ပံ့ပေးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ထောက်ပံ့ပေးမှုများဆောင်ရွက်ရာတွင် ကဝမြို့နယ် အောင်ကံလှိုင်ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေ (၃၀၈)စု၊ လူဦးရေ (၁၃၁၂)ဦးအတွက် ဧပြီ ၂၁ ရက်နေ့တွင် ရေဂါလန် (၁၂၅၀)၊ ဧပြီ ၂၂ ရက်နေ့တွင် ရေဂါလန် (၅၁၅၀) စုစုပေါင်း ရေဂါလန် (၆၄၀၀)အား ထောက်ပံ့ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါသောက်သုံးရေထောက်ပံ့ပေးဝေခြင်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်း၍ ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေသော သောက်သုံး ရေရှားပါးသည့် ကျေးရွာများအားလည်း ဆက်လက်ထောက်ပံ့ ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းသန်းဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)