တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးရေး နေကြာမျိုးစေ့များ ပေးအပ်ပွဲကျင်းပ



 MNP - ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရန် ကျေးရွာများအရောက်ကွင်းဆင်း၍‌ နေကြာမျိုးစေ့များပေးအပ်လျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်က လယ်သာ(၁)ကျေးရွာအုပ်စု၊သိမ်ကုန်း‌ ကျေးရွာတွင် နေကြာမျိုးစေ့များ ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှသောင်း၊ မြို့နယ် စည်ပင်သာယာ‌ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဆွေတို့က ဆီထွက်သီးနှံနေကြာ တိုးချဲ့ စိုက်ပျိုးနိုင်ရေး ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းကာနယ်မြေ ဒေသများအလိုက် အဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်၍ နေကြာစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ ပြီးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုးအေးက နေကြာ စိုက်ပျိုးနိုင်သော မြေအမျိုးအစားအားလုံးတွင် တိုးချဲ့စိုက်ပျိုးနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့်နေကြာမျိုး‌ စေ့များကိုတောင်သူများထံသို့ ၂၀၂၂ မိုးရာသီမတိုင်မီ မိုးနှမ်း၊ မိုးမြေပဲသီးနှံများအကြားတွင် သီးညှပ်အဖြစ် ဆီထွက်သီးနှံနေကြာအား ထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် နေကြာမျိုးစေ့များကို အခမဲ့ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း‌ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုး‌ရေးနည်းစနစ်များကို‌ တောင်သူဦးကြီးများအား အသေးစိတ်ရှင်းလင်း‌ဆွေးနွေး ပြောကြားခဲ့‌ကြောင်း သိရသည်။

ထို့နောက် လယ်သာ (၁) ကျေးရွာအုပ်စုရှိ နေကြာစိုက်ပျိုးမည့်ဧက (၇၅) ဧကအတွက် နေကြာမျိုးစေ့ (၇၅) ပြည်အား တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၂၈) အုပ်စုတို့ တွင် လျာထားဧက (၄၇၅၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး (၁)ဧကလျှင် (၁)ပြည်နှုန်းဖြင့် နေကြာ မျိုးစေ့များအား ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)