အလုံမြို့နယ်၌ နွေရာသီပညာဒါန အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ နွေရာသီပညာဒါန အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်


MNP - ဧပြီ   ၂၄

ကျောင်းသား၊ လူငယ်များအတွက် နွေရာသီပညာဒါနအခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားကြောင်းသိရသည်။

သင်တန်းကို အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်နှင့် သာလွန်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် သာလွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြများက  အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောက်းသူ(၂၅)ဦး ကို  အုပ်စုခွဲပြီး online စနစ်ဖြင့် သင်ကြားပေးသည်။

အဆိုပါသင်တန်းကို မွန်လွဲ ၃ နာရီမှ ၄ နာရီအထိ အပတ်စဉ်သောကြာနေ့တိုင်း ဧပြီလ မှ ဇွန်လ အထိ ၃ လ ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - တင်တင်ချို 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)