MNP ၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက် ၇နာရီက မီးပွိုင့်လမ်းဆုံမှ သိမ်ကုန်းစေတီတော်မြတ်အထိလည်းကောင်း၊ ပင်လယ်ကမ်းခြေတစ်လျှောက်တွင်လည်းကောင်း သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာနှင့် အဖွဲ့ဝင်များကကြီးကြပ်ပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းနှစ်ရင်းမှ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စသည်ဖြင့် လူဦးရေ(၂၄၀)ကျော် ပါဝင်သော ပူးပေါင်းအဖွဲ့သည် မီးပွိုင့်လမ်းဆုံမှ သိမ်ကုန်းစေတီတော်မြတ်အထိနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်း၊ တံမြက်စည်းလှဲခြင်းစသည့် သန့်ရှင်းရေးများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်(စနေ)နေ့တိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment