ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်



MNP - ဧပြီ   ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ဧပြီလ ၁၈ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်များရှိ အိမ်ထောင်စုများအား ယနေ့နေ့လယ် ၁၂နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၆၄)လုံး၊ အမိုးလန်ပျက်စီး နေအိမ် (၁၉၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁၆၅၄၇၀၀၀)၊ လူဦးရေ (၉၂၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၉၃၈၃၀၀)နှင့် ပြိုကျပျက်စီးနေအိမ်(၆၄)လုံးမှ အိမ်ထောင်စု(၆၄)စုအတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ် (၃၁၃၈၃၀၄) ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၆၄)ပုံးနှင့် စုစုပေါင်းထောက်ပံ့မှု ငွေကျပ်(၂၁၆၂၃၆၀၄)အား ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက လက်ခံရယူပြီး တာဝန်ရှိ သူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

သတင်း - ဇာနည်ကိုကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)