MNP - ဧပြီ ၂၄
ပဲခူတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီမြတ်ကြီး၏ (၄၄) ကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို စေတော်ရင်ပြင်တော် မြတ်စွယ်တော်တိုက်တွင် ယနေ့နံနက် ၆နာရီအချိန် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို ဆရာတော်အရှင်သူမြတ်များမှ "နမောတဿ" ဗုဒ္ဓပဏာမ ဂါထာတော် သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ဧည့်ပရိတ်သတ်များအား ပြည်မြို့ ဗာရာဏသီကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဏိတ၊ အဂ္ဂမဟာဂန္တဝါထာပါဏ္ဏိတ ဘဒ္ဒန္တနာဂဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည် စေခဲ့ပြီးမဟာသုဒဿနာရာ ကျောင်းတိုက်မှ အရှင်ဦးဝိမလက ဇေယျမင်္ဂလာအောင် ဂါထာတော်ဖြင့် ဘုရားရှင်အား ပူဇော်၍ ဂေါပက အဖွဲ့ကိုယ်စား ဂေါပကအဖွဲ့ဝင် ဒါယကာ ဦးကျော်ဝင်းက ပဌာန်းသိမ်းအောင်ပွဲ လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် (၉)ပါးအား လှူဒါန်းသည့် နဝကမ္မ အလှူတော်ငွေ၊ ဆရာတော်ကြီးများ၏ ကျောင်းတိုက်များအား လှူဒါန်းသည့် ဆွမ်းပဒေသာ ပင်အလှူငွေနှင့် ပဌာနဘာဏက သံဃာတော်များအား လှူဒါန်းသည့် အလှူငွေများအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကြည်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးစိုးဝင်းနှင့် ဂေါပက အဖွဲ့များဖြစ်ကြသည့် ဦးမောင်မောင်၊ ဦးသိန်းတန်တို့မှ ဆပ်ကပ်ပူဇော်ခဲ့ပြီး ဗာရာဏသီ ကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်ကြီးမှ အနုမောဒနာတရားနှင့် ရေစက်ချ တရားဟောကြား၍ မဟာသုဒဿ ရာမကျောင်းတိုက်မှ ဦးနန္ဒာဝရကက နတ်ဗြဟ္မာများအား နတ်ပို့ဂါထာဖြင့် ပြန်လည် ပို့ဆောင်ခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓ သာသနံ စိရံ တိဌတု " သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment