MNP - ဧပြီ ၂၃
မိုးတွင်းကာလသို့ ရောက်ရှိပြီးရေမြောင်းများ ပိတ်ဆို့၍ ရေကြီးရေလျှံဘေးမှ ကာကွယ်ရန် ယနေ့နံနက်ပိုင်းက သီရီမြိုင်ရပ်ကွက်နှင့် ကွင်းကျောင်းရပ်ကွက် အတွင်းရှိ ရေနုတ်မြောင်းများ ပြန်လည် တူးဖော်နေမှုအခြေအနေများအား မွန်ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှူ့ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အတွက်ရှင်းလင်းရာသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ သီရီမြိုင်ရပ်ကွက်ရေဆိုးထုတ်မြောင်းမကြီး တူးဖေါ်ခြင်း(600’x4’x3’) နှင့် ကွင်းရပ်ရပ်ကွက်ကွင်းကျောင်း ချောင်းတူးဖေါ်ခြင်း (630’) x (10’,15’) x (6’,8’)တို့ကိုကြည့်ရှူ့စစ်ဆေးပြီး လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့သည်။
အဆိုပါရေမြောင်းအတွင်းရှိ အမှိုက်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မြေကြီးများညှိယူခြင်း၊ တူးခြင်းများ၊ ဆောင်ရွက်ပေးခြင်းကြောင့် လာမည့် မိုးရာသီတွင်သဘာဝဘေးဖြစ်သည့် ရေကြီးရေလျှံ ဘေးမှ ကာကွယ်ရန် ရည်ရွယ်၍ ရှင်းလင်းထားကြောင်းသိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment