ဖျာပုံမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ




MNP - ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီး ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တိုင်းဒေသကြီး ဦးစီးမှူးများသည် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျေးရွာစံပြစိုက်ကွင်းတွင် ပြုလုပ်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယနေ့ဖြစ်ပေါ်နေသော ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်မှုကြောင့် စိုက်ပျိုးစရိတ်သွင်းအားစု ဈေးနှုန်းများကိုကာ မိစေရန်အတွက် မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှု လျော့ချစေရန်အတွက် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကို ထည့်သွင်း သုံးစွဲရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုက်ဆံလျှော်၏ အကျိုးကျေးဇူးများနှင့် တစ်မြို့နယ်လုံးအနေဖြင့် မြေဆီလွှာအစားထိုး ပိုက်ဆံလျှော်ကို စိုက်ဧက (၁၀၀၀)ခန့် စိုက်ပျိုးရန် လျာထားမှုနှင့် ကိုအိမ်တန်း Hi Tech ကျေးရွာတွင် ပိုက်ဆံလျှော် ဧက(၁၀၀)ကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ဖျာပုံမြို့နယ်အနေဖြင့် မြေဆီလွှာအစားထိုး ပိုက်ဆံလျှော်မျိုးစေ့ကို တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဧက(၂၀၀)သို့ မျိုးစေ့များ ဖြန့်ဝေပေးထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား မြို့နယ်အတွင်းရှိတောင်သူများ လက်ဝယ်သို့ ပေးအပ်ကြပြီး ကိုးအိမ်တန်းကျေးရွာအုပ်စု၊ သကံဂွကြီးကျေးရွာရှိ တောင်သူ ဦးကြင်သိန်း၏ လယ်မြေတွင်းသို့ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများက လယ်ယာမြေ များအတွင်းသို့ မျိုးစေ့များကြဲပက်စိုက်ပျိုးကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးလျက်ရှိသော စိုက်မြေဧက(၂၁၀၅၅၆)ဧကနှင့် နွေစပါးစိုက်ပျိုးဧက (၈၆၉၉၆) ဧက စိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)