သာကေတမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအလိုက် အောင်စာရင်းများထုတ်ပြန်



MNP - ဧပြီ    ၂၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အောင်စာရင်းများကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှ စတင် ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

သာကေတမြို့နယ်တွင် အထက်တန်းကျောင်း (၆) ကျောင်း၊ အလယ်တန်းကျောင်း (၆) ကျောင်းအလယ်တန်း(ခွဲ) ကျောင်း(၁)ကျောင်း မူလတန်းကျောင်း (၄၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၆) ကျောင်း ၊ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၇)ကျောင်းစုစုပေါင်း (၇၁) ကျောင်းရှိရာ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ KG၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-6၊ Grade-7၊ Grade-8(သင်ရိုးဟောင်း) ၊ Grade-9(သင်ရိုးဟောင်း)၊  Grade (  10)  အထိ ကျောင်းသား/ ကျောင်းသူ (၆၄၇၂ ) ဦးရှိရာ အောင်မြင်သူ (၆၄၇၂) ဦးရှိသည့်အတွက် ၁၀၀ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းထံမှ သိရသည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ ကျောင်းများအလိုက် ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား / ကျောင်းသူများနှင့် မိဘပြည်သူ များက ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်ကာ လာရောက်ကြည့်ရှုလျက်ရှိပြီး အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ဆရာ/ ဆရာမ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။

သတင်း - ဆောင်းနှင်းဖြူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)