ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

 


MNP - ဧပြီ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ရူပဗေဒ ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခု၌ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၉၈၆) ဦးရှိပြီး ကျောင်းတွင်း ဖြေဆိုသူနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း (၉၁၅)ဦးရှိကြောင်း၊ ပျက်ကွက်သူ(၇၁)ဦးနှင့် ရာခိုင်နှုန်းအနေဖြင့်  ၉၂ ဒသမ ၈၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၂)ခုတို့၌ ရူပဗေဒဘာသာရပ်ဖြေဆိုမည့် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပညာ‌ရေးဝန်ထမ်းများက အနီးကပ် ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)