ပြည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်




MNP - ဧပြီ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဧပြီ ၁၉၊ ၂၀ နှင့် ၂၁ ရက်နေ့တို့က မိုးသက်လေပြင်းကျရောက်မှုကြောင့် ရပ်ကွက် ၆ ခုနှင့် ကျေးရွာ အုပ်စု ၁၅စုတို့မှ ပြိုလဲပျက်စီးခဲ့သော လူနေအိမ်ခြေအလုံး ၃၀၊ အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်ခြေ ၁၆၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတို့အတွက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက တက်ရောက် လာသောဘေးသင့်ရပ်ကွက်/ ကျေးရွာအုပ်စုအသီးသီးမှ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဘေးသင့်ပြည်သူများထံ လက်ဝယ်ရောက်စနစ်တကျ ထောက်ပံ့ပေးအပ်ရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်မှာကြားသည်။

ထို့နောက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ် ရခြင်းနှင့်ပတ်သက်သက်၍ ရှင်းလင်းပြောကြားပြီး ဘေးသင့်အိမ်ထောင်စုများ အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဘေးသင့်အိမ်ထောင်စုဝင် ၇၈၆ ဦးတို့ အတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၂,၁၀၀/- နှုန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀,၈၉၀,၆၀၀/- တိတိအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ထံပေးအပ်သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူးတို့က အဆိုပါထောက်ပံ့ငွေကျပ် ၁၀,၈၉၀,၆၀၀/- နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံး အလုံး ၃၀ ကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ယ‌နေ့ထောက်ပံ့ပေးအပ်ရာတွင် ပြိုလဲပျက်စီးနေအိမ်များအတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ ပလပ်စတစ်ပုံး တစ်ပုံးစီနှင့် နေအိမ်အမျိုးအစားနှင့် ပျက်စီးဆုံးရှုံးမှု အပေါ်မူတည်တွက်ချက်၍ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် တစ်သိန်းမှ နှစ်သိန်းအထိလည်း ကောင်း၊ အလားတူအမိုးလန်ပျက်စီးနေအိမ်များအတွက် ပျက်စီးဆုံးရှုံးမှုအလိုက် ထောက်ပံ့ငွေတစ်သောင်းကျပ်မှ ကိုးသောင်းကျပ်အထိ လည်းကောင်း ထောက်ပံ့ပေးအပ်ကာ ဘေးသင့်အိမ်ထောင်စုဝင်အားလုံးအတွက် ဆန်ရိက္ခာဖိုး ၂,၁၀၀/- ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)