မြောင်းမြခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



MNP - ဧပြီ     ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြောင်းမြခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်သည် နိုင်ငံတော်ကဘဏ္ဍာရေးနှစ် ပြန်လည်ပြောင်းလဲပြင်ဆင် သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်ရသည့် ပထမဆုံး ဘဏ္ဍာနှစ်ဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို တွန်းအားပေး ဆောင်ရွက်ရမည့်နှစ်လည်းဖြစ်ကြောင်း၊ မြောင်းမြခရိုင်၏ စီးပွားရေး ဖွံဖြိုးတိုးတက်ရန် ကဏ္ဍအလိုက် စီးပွားရေးလျာထားချက်များ အကောင်အထည်ဖော်ရာတွင် ကဏ္ဍများရဲ့ ထုတ်လုပ်နိုင်စွမ်း၊ ဆောင်ရွက်နိုင်စွမ်းရှိသမျှ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ကြောင်း၊ စီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်း ဌာနအသီးသီးအနေဖြင့် ကဏ္ဍအချင်းချင်း၊ ဒေသအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းတာဝန်များကို ဆက်လက်ပေးအပ်ပါသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက သက်ဆိုင်ရာဌာနများအနေဖြင့် မိမိလုပ်ငန်းကို စိတ်ပါဝင်စားစွာဖြင့် စီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် လာမည့်နှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲရာတွင် ခက်ခဲသည့်လမ်းများကိုပါ စီမံကိန်းထဲ ထည့်သွင်းရေးဆွဲစေလိုကြောင်း၊ သို့မှသာ ယင်းရွာများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး တိုးတက်လာမှာဖြစ်ကြောင်း စသည်ဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)