မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်

 


MNP - ဧပြီ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထည့်သွင်းကြဲပက်ခြင်းကို ယမန်နေ့က ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ လယ်ဧက (၅၀) ပေါ်တွင် ထည့်သွင်းကြဲပက်သည်။

အဆိုပါထည့်သွင်းကြဲပက်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး မအူပင်မြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ ဧက (၁၁၀)ထည့်သွင်းကြဲပက်ခဲ့ပြီး ဆက်လက်၍ မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ဆက်လက်ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဌာနက သိရသည်။

သတင်း - အာင်ခိုင် ၊ အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)