သံတွဲခရိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် မြန်မာ့စီးပွါးရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီထုတ်ပေးလျက်ရှိ





MNP ၊ ဧပြီ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊သံတွဲမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ရး၃၀နာရီမှစတင်၍ မြန်မာ့စီးပွါးဘဏ်ရှိဝန်ထမ်းများက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သံတွဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၂၅၀၀)ကျော်ရှိပြီး ဧပြီ ၂၁ ရက် နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ရး၃၀နာရီမှ နေ့လယ် ၂နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးသွားမည်ဖြစ်သည်။ ပင်စင်လစာများကို မြန်မာ့စီးပွါးရေးဘဏ်တွင် ကိုယ်တိုင်လာရောက်ထုတ်ယူ သူများရှိသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား မေ လဆန်း ဘဏ်လုပ်ငန်းချိန်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင်လစာများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွါးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။


သတင်း - သန့်ဇင်  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)