နတ်မောက်မြို့နယ်အတွင်း လယ်ယာမြေဧက ၄၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းနှင့် ရေကျော်တံတားများ ဖောက်လုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်အတွင်း လယ်ယာမြေဧက ၄၀၀၀ ကျော် အကျိုးပြုမည့် ကုန်ထုတ်လမ်းနှင့် ရေကျော်တံတားများ ဖောက်လုပ်သွားမည်



MNP - ဧပြီ   ၂၉


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ် ၆၁.၆၅ သန်း အသုံးပြုပြီး သက်ရင်းတောကျေးရွာ၊ မကျီးချိုကျေးရွာ၊ ညိုသုမြောင် ကျေးရွာများ၌ ကုန်ထုတ်လမ်းနှင့် ရေကျော်တံတားများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့်ဈေးကွက်သို့ လွယ်ကူ လျှင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်ပြီး သက်ရင်းတောကျေးရွာ၌ အရှည် ၈၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ အတိုင်းအတာရှိ ရေကျော်တစ်စင်း၊ မကျီးချိုကျေးရွာ၌ အရှည် ၃၉၆၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေ ထုနှင့် မြေနီကျောက်စရစ် ၉ လက်မ ထုနှင့် ခင်းကျင်းခြင်းနှင့် အရှည် ၆ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ ပေ ရှိ Slab Culvert တစ်စင်း၊ ညိုသုမြောင်ကျေးရွာ၌ အရှည် ၃၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေ ထုနှင့် မြေနီကျောက်စရစ် ၉ လက်မ ထု ခင်းကျင်းခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းများ ပြီးစီးပါက ကျေးရွာ(၃)ရွာရှိ စိုက်ပျိုးဧက ၄၀၀၀ ကျော်မှ ထွက်ရှိလာသော လယ်ယာထွက်သီးနှံများ ရာသီမရွေးဈေးကွက်သို လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရထံမှ သိရသည်။


သတင်း -သင်းသင်းမြတ်  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)