MNP - ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနက အိမ်တွင်းဖြစ် ဆပ်ပြာမွှေးဆီ ပြုလုပ်နည်းပညာရပ်များအား ကျေးရွာများအရောက် လက်တွေ့သင်ကြားပေးလျက်ရှိရာ ယမန်နေ့၊ နေ့လယ်ပိုင်းက တမာတကေကျေးရွာအုပ်စု၊ တမာကေကျေးရွာရှိ ဓမ္မာရုံ၌ ဆပ်ပြာမွှေးဆီ ပြုလုပ်နည်းကို လက်တွေ့သင်ကြားပေးကြောင်း သိရသည်။
ထိုသို့သင်ကြားပေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးလွင်နှင့် ဝန်ထမ်းများက ဆပ်ပြာမွှေးဆီပြုလုပ်ပုံအဆင့်ဆင့်ကို စာတွေ့သင်ကြားပေးပြီးနောက် လက်တွေ့ ပြုလုပ်နည်းများကို သင်ကြားပြသပေးသည်။
ထို့နောက် ဆပ်ပြာမွှေးဆီပြုလုပ်နည်းကို လာရောက်သင်ကြားကြသူများက မရှင်းလင်းသည် များကို မေးမြန်းကြပြီး လက်တွေ့ဝင်ရောက် ပြုလုပ်ကြကြောင်း သိရသည်။
သတင်း - စိုးမိုးအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment