MNP - ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြူကန်စံပြကျေးရွာတွင် ယနေ့မွန်းလွဲ(၂)နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်က ပြည်တွင်းဖြစ် စံချိန်မီအရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများ ကိုယ်ပိုင် ထုတ်လုပ်နိုင်ရေး၊ သွင်းကုန်အစားထိုး နိုင်ငံခြားစံချိန်မီ ပစ္စည်းများ တစ်နိုင်တစ်ပိုင်ထုတ်လုပ်၍ ဈေးကွက်တွင် ထိုးဖောက်ရောင်းချနိုင်စေခြင်းဖြင့် ပြည်သူများ လူမှုဘဝတိုးတက်စေရန်နှင့် သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းတက်ရောက်ပြီးဖြစ်သဖြင့် အသေးစားစက်မှုလုပ်ငန်းထုတ်လုပ်ရန်အတွက် လုပ်ငန်း မှတ်ပုံတင်များလျောက်ထားကာ လူသုံးကုန်ပစ္စည်းများ ထူထောင်ထုတ်လုပ်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားကြစေရေး ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိသည်။
အဆိုပါသင်တန်းတွင် ပန်ကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ သဘာဝ ခေါင်းလျှော်ရည်၊ လက်ဆေးပိုးသတ်ဆေးရည်နှင့် ပိုးသတ်ဖျန်းဆေးဘူးများ၊ မျက်နှာသစ်ဆပ်ပြာခဲ ထုတ်လုပ် နည်းပညာများကို ဧပြီ(၂၅)ရက်မှ ဧပြီ(၂၉)ရက်အထိ (၅)ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment