နတ်မောက်မြို့၌ မြို့အဝင်စစ်ဆေးဂိတ်များတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစစ်ဆေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ မြို့အဝင်စစ်ဆေးဂိတ်များတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစစ်ဆေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိ စစ်ဆေး

 


MNP - ဧပြီ    ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့အဝင်ဂိတ်များဖြစ်သည့် နတ်မောက်-ပျော်ဘွယ် အဝင်ဂိတ်၊ နတ်မောက်-မြို့သစ်အဝင်ဂိတ်နှင့် နတ်မောက်-မကွေး အဝင်ဂိတ်များတွင် ခရီးသွားလာ ပြည်သူများ နိုင်ငံသားစစ်ဆေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ၂၀၂၂-ခုနှစ်ဧပြီ(၁)ရက်နေ့ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ် ဦးစီးအရာရှိနှင့် ဝန်ထမ်း များက လုပ်ငန်းလိုအပ်ချက်အရ သွားလာနေကြသည့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာ တွင်လည်းကောင်း၊ တည်းခိုနေထိုင်ရာတွင်လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသည့် နိုင်ငံသားကတ်(မှတ်ပုံတင်) မပါရှိဘဲခရီးသွားလာခြင်းကို ခွင့်ပြုတော့မည်မဟုတ်သဖြင့် ခရီးသွားလာပြည်သူများအားလုံး နိုင်ငံသားကတ်(မှတ်ပုံတင်)ပါ/မပါ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - လှဝင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)