ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ထားဝယ်မြို့ အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမများအားတွေ့ဆုံ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး ဆွေးနွေးမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ထားဝယ်မြို့ အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ ဆရာ/ဆရာမများအားတွေ့ဆုံ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး ဆွေးနွေးမှာကြား









MNP ၊ ဧပြီ ၆ 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့သို့ရောက်ရှိပြီး ပညာရေးဒီဂရီကောလိပ်ရှိကျောင်းအုပ်ကြီးနှင့်ဘာသာရပ်အသီးသီးမှဆရာ/မများအားတွေ့ဆုံခဲ့ကြောင်းသိရသည်။ 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် က ပညာရေးဒီဂရီကောလိပ်သည် ဆရာ/မများမွေးထုတ်ပေးသော ဌာနတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ လူဦးရေသန်းခေါင်စာရင်းအရ(ပင်မ)လူဦးရေ ၄၆.၄၆၃ သန်းတွင် ၁၈.၁ သန်းသည် လုံးဝကျောင်းမနေသည်ကိုတွေ့ရှိရပြီး ဘွဲ့ရသူဦးရေသည် ၃ သန်းရှိသည်ကိုတွေ့ရကြောင်း၊ ပညာရေးစနစ်အားမြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးဆက်စပ်နေသည်ကိုအများပြည်သူက ယုံကြည်လက်ခံ ကြောင်း၊ ကျောင်းမနေသောသူတစ်ဦး၏ စဉ်းစားတွေးခေါ်ဉာဏ်နှင့်ဘွဲ့ရပညာတတ်တစ်ဦး၏ စဉ်းစားတွေးခေါ်ဉာဏ် ကွာဟကြောင်း၊ ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်းရှိပြီး တစ်ကျောင်းလျှင်ဝင်ဆံ့အား ၄၀၀ မှ ၁၅၀၀ အကြားရှိကြောင်း၊ ဆရာ/ မများအနေဖြင့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆရာ/မများစွာလိုအပ်ကြောင်း၊ ယခင်နှစ်များက ပညာရေးဒီဂရီကောလိပ်အား တစ်နှစ်လျှင်(၁)ကြိမ်သာ ဖွင့်ခွင့်ပေးခဲ့ပြီး ယခုနှစ်တွင်(၂)ကြိမ်ဖွင့်ခွင့်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလ(၂၀)ရက်နေ့တွင် ပထမအသုတ်စဖွင့်မည်ဖြစ်ပြီးစက်တင်ဘာ၊ အောက်တိုဘာလတွင် ဒုတိယအသုတ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊  ယခုလိုဖွင့်ခွင့်ပေးခြင်းအားဖြင့် ဆရာ/မများတက်ချင်သော BEDဘွဲ့၊ ပညာရေးဒီဂရီများ အသီးသီးရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရာရောက်ကြောင်း၊ ဆရာ/မများအနေဖြင့် ဘာသာ ရပ်များ သင်ကြားပေးရန်အခက်အခဲရှိပါက တင်ပြပေးရန်လိုအပ်ကြောင်းပြောကြားသည်။ 

ထို့နောက် ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်နီနီသန်းနှင့်ဘာသာရပ်အသီးသီးမှ ဆရာ/မများက ကြုံတွေ့ နေရသော အခက်အခဲများနှင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စာသင်ဆောင်များအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်အဖွဲ့သည် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင် က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဖြေဆို/ပျက်ကွက်သူဦးရေ စာရင်းများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် က စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။ 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အသီးသီးမှ ဆရာ/မများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီးကျောင်း၏အခက်အခဲများ လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းအတွင်းလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)