စစ်ကိုင်းတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် လုပ်ငန်းအရှိန်မြှင့်တင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် လုပ်ငန်းအရှိန်မြှင့်တင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အစည်းအဝေးကျင်းပ



MNP - ဧပြီ  ၃၀

စစ်ကိုင်းတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လုပ်ငန်းအရှိန်မြှင့်တင် ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီခွဲ အချိန်က ကျင်းပရာ စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဦးစီးမှူးများက Zoom meeting ဖြင့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက မိမိတို့စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းများအနေဖြင့် လုပ်ငန်းသဘောနားလည်ရန်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရန်၊ ရုံးလုပ်ငန်းများ နားလည်အောင်ကြိုးစားရန်၊ ညွန်ကြားချက် များကို တိကျစွာ လိုက်နာရန်နှင့် သဘာဝဘေး မီးဘေးလေဘေး ကြိုတင်ပြင်ဆင်ထားကြရန်နှင့် သဘာဝဘေးကာကွယ်ရေး စီမံချက်ရေးဆွဲ အကောင် အထည်ဖော် ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး (စီမံ) ဦးထွန်းရှိန်က ဌာနပိုင်ပစ္စည်းများ၊ လုံခြုံရေးဝန်ထမ်းများ လုံခြုံရေးအတွက် လိုက်နာဆောင်ရွက် ရန်များကို လည်းကောင်း၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး (စိုက်ပညာ) ဦးအောင်ကြည်ဝင်း မြေအသုံးချရေးဌာနခွဲ၊ မျိုးစေ့ဌာနခွဲ၊ သီးနှံကာကွယ်ရေးဌာနခွဲတို့၏ ရုံးလုပ်ငန်းများ အရှိန် မြှင့်တင်ရေး ဆောင်ရွက်ရန်များနှင့် ပထမ ၃ လပတ်ဆောင်ရွက်များကိုလည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူးက ခရိုင်အတွင်း ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ခံများက  တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်ရေးကော်မတီများ၊ စိုက်ပျိုး‌ရေး ပညာရှင်များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းဆွေနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)