ဆီဆိုင်မြို့နယ် ရေရှားပါးကျေးရွာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ် ရေရှားပါးကျေးရွာများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု



MNP - ဧပြီ   ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရေရှားပါး ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်တို့သည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဒေါ်အိအိခင်နှင့် တာဝန်ရှိသူများနှင့်အတူ တောင်ရှေ့ ကျေးရွာအုပ်စု၊ လွယ်ထွဲကျေးရွာမြောက်ဘက် နောင်ခရေကန်သို့ လည်းကောင်း၊ ခိုဖွန်းကျေးရွာအရှေ့ဘက် ပွန်ရမ်းရေချောင်းသို့ လည်းကောင်း၊ ဒုံလိတန်ကျေးရွာနှင့် ခိုဖွန်းကျေးရွာကြားရှိ ပုံးလောင်းရေချောင်းသို့ လည်းကောင်း လွယ်ပွတ် ကျေးရွာအုပ်စု၊ ထီရီးကျေးရွာရှိ သောက်သုံးရေကန်သို့ လည်းကောင်း၊ လုံးဟီရေကန်သို့ လည်းကောင်း၊ နောင်ကျောကျေးရွာအုပ်စု၊ ဖာလိုင်ရေထွက်သို့ လည်းကောင်း သောက်သုံးရေ ရရှိရေး ကွင်းဆင်းကြည့်ရှုပြီး ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ သောက်သုံးရေ ရရှိနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ ဆီဆိုင်ဂေါက်ကွင်း၌ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်တို့သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဦးတို့နှင့်တွေ့ဆုံ၍ မြို့နယ်မီးလင်းဆိုင်ရာကိစ္စရပ်များ၊ သောက်သုံးရေရရှိရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)