ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီ(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီ(အခမဲ့) သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ အခြေခံပန်းချီသင်တန်း(အခမဲ့) သင်တန်းကို ဧပြီလ (၂၅) ရက်နေ့မှ(၂၉)ရက်နေ့အထိ (၅)ရက်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနား၌ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဦးအောင်စိုးမြင့်က တတ်မြောက်မှု စစ်ဆေးခြင်း ပန်းချီပြိုင်ပွဲ ဆုရရှိသူများအား ကြေညာပေးခြင်း၊ မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ပန်းချီသင်တန်းသား ကျောင်းသား၊ ကျောင်းသူများအနက် တတ်မြောက်မှုစစ်ဆေးခြင်း ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းနည်းပြ ဆရာနှစ်ဦးအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ (Club)အသင်းအဖွဲ့ဝင်များနှင့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပန်းချီ(အခမဲ့)သင်တန်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club, Youth Club, Women Club)အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ရက်တိုသင်တန်း ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ သင်တန်းသား(၂၂)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတများ ရရှိနိုင်စေရန်၊ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထားကြောင်း သိရသည်။

သတင်း - စိုးမင်းဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)