MNP - ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် မိုးသက်လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂)ဦးသန်းငွေနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က လေဘေးသင့်အိမ်ထောင်စုပြည်သူများကို အားပေးစကား ပြောကြားခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု(၉)စုအတွက် စုစုပေါင်းဆန်ရိက္ခာနှင့် ထောက်ပံ့ငွေကျပ် (၈၂၂၇၀၀)ကို လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment