MNP - ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်နွေရာသီ အားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်အားကစားနှင့် ကာယပညာဦးစီးဌာနဌာန မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့မိမြို့ဖဆရာကြီး ဦးခင်မောင်သန်းမှ သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားသည်။
နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမ၊ ကံသုံးဆင့်၊ ကြို့ကုန်း၊ နွားမယံ၊ ချော့ခေါ်စသော သင်တန်းဖွင့်လှစ်သည့်(၅) နေရာတို့တွင် မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၆ နေ့အထိ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ပြေးခုန်ပစ်၊ အေးရိုးဗစ်အားကစားနည်း(၅)မျိုးကို နည်းပြဆရာ (၁၁)ဦးဖြင့် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအားကစားနည်း (၅) မျိုးသို့သင်တန်းသား (၂၃၀)ဦးတက်ရောက်သင်ကြား ခဲ့ပြီး ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဌာန အားကစားမှူးက နည်းပြဆရာ (၁၁) ဦးတို့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆန်းစစ်ချက် ဆုကြေးငွေနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား လူငယ်များအားကစားကို စိတ်ဝင်စားပြီးအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ကျန်းမာကြံ့ခိုင်သော နိုင်ငံဂုဏ်ဆောင်အားကစားသမားများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
သတင်း - ကိုကိုမင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment