MNP ၊ ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားက စားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံ အားက စားသင်တန်းကို မိုးလုံလေလုံ အားက စားခန်းမတွင် ဧပြီလ (၂၃) ရက်နေ့ ညနေ (၄)နာရီအချိန်က နွေရာသီ အခြေခံအားကစားသင်တန်း (၅) မျိုးအားဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းအားအနာဂတ်လူငယ်များကိုကျန်း မာကြံ့ခိုင်စေရန် နှင့် ဘက်စုံထူး ချွန်စေရန် ရည်ရွယ် ၍ ကိုယ်လက်လှုပ်ရှား အားက စားအစီအစဉ်အနေ ဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် ပိုက်ကျော်ခြင်း၊ အေရိုးဗစ်(Fitnessdan ce)၊ ဘော် လီဘော၊ ဘော လုံး၊ စာပွဲတင်တင်းနစ် သင်တန်းများကို လူငယ်များအား ဖိတ်ခေါ်ကာ မြို့နယ် အား ကစားနှင့် ကာယ ပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝေနှင့် ဝန်ထမ်းများက သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီ (၃ဝ)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment