MNP - ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆွေးနွေးပွဲအခမ်းအနားကို ဧပြီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါ်မြတ်ကလျာအောင်က အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ လားရှိုးမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဝင်းလှိုင်က “အိုမီခရွန်ကာလတွင် ကြုံတွေ့ရသည် ကျန်းမာရေးဆိုင်ရာ ပြဿနာများ” “နွေကာလအပူရှပ်ခြင်း၊ ခရမ်းလွန် ရောင်ခြည်သင့်ခြင်းနှင့် ပြဿနာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးမင်းနိုင်က “ပြည်ပသွင်းကုန်ချွေတာဖို့ စက်သုံးဆီကို လျှော့သုံးစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် “လူမှုမီဒီယာကို အကျိုးရှိရှိအသုံးပြုဖို့ဆိုရင်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောပေးခဲ့သည်။ ထို့နောက် လားရှိုးမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကြက်ဥ၊ အာဟာရများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment