ဘိုကလေးမြို့နယ်တွင် ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲကျင်းပ

 


MNP - ဧပြီ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၌ ယနေ့ နံနက်(၈)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ လယ်ယာမြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ အဖြစ်စိုက်ပျိုးနိုင်ရန် တောင်သူများ အား ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲအား ကျင်းပရာ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးနှင့် အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူးနှင့် အဖွဲ့၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သပြုကုန်းကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများမှ တောင်သူများ၏ လက်ဝယ် အရောက် ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သပြုကုန်းကျေးရွာရှိ တောင်သူ ဦးသန်းဖေ၏ ကွင်းအမှတ် (၆၇၂/ခ)၊ ဦးပိုင်အမှတ်(၄) လယ်ကွက်အတွင်း ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်း၊ တောင်သူ ဦးမိုးကျော်ခိုင်၏ ကွင်းအမှတ် (၆၇၂/ခ)၊ ဦးပိုင်အမှတ်(၉) လယ်ကွက်အတွင်း ပိုက်ဆံလျှော် မျိုးစေ့ထုတ်ယူနိုင် ရေး ယခင်စိုက်ပျိုးထားသည့် ပိုက်ဆံလျှော်ပင်များအား နှုတ်သိမ်းခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းစိုးဦးမှ တောင်သူများအား ပိုက်ဆံလျှော် စိုက်ပျိုးခြင်းနည်းလမ်းများအား တောင်သူများကို အသိပညာပေးခဲ့ကြောင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့သည် လယ်ကွက်အတွင်း ကြဲပက်ခြင်းဖြင့် လယ်ယာမြေ၏ မြေဆီလွှာဖွံ့ဖြိုး တိုးတက်နိုင်ပြီး မျိုးစေ့ကြဲပြီး (၄၅)ရက်အကြာ၌ မြေဆီလွှာအတွက် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်ရှ် ဓာတ်ပေါင်းများ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)