ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂) သင်တန်းသား/သူများအား ကြိုဆိုပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

 





MNP - ဧပြီ   ၂၂


ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား/သူများ ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာညီလာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ၊ ဆရာမ(၅၈၄) ဦးတက်‌ရောက် ခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ အခြားတိုင်း၊ ပြည်နယ်တွေမှာလည်း တစ်ပြိုင်တည်းဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အခြေခံပညာ ကျောင်းများမှာ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု အရည်အသွေး တိုးတက်လာစေရန်၊ ကျောင်းသားဦးရေ တိုးတက်လာသည် နှင့်အမျှ အရည်အသွေးရှိသော ဆရာ၊ ဆရာမများ တိုးပွားလာစေရန်၊ အခြေခံပညာသင်ကြားမှု၊ သင်ယူမှု အခွင့်အလမ်းများ တိုးပွားလာစေရန်၊ မိမိ၏နိုင်ငံအကျိုး၊ ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် ထူးချွန်သည့် ဆရာ၊ဆရာမ ကောင်းများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။


ထိုနောက် မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်သီင်္ဂီကျော်က ကြိုဆို နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းသို့ တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)