ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ(၅)ရက်မြောက်နေ့ အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ(၅)ရက်မြောက်နေ့ အေးချမ်းစွာဖြေဆိုလျက်ရှိ

 



MNP - ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ(၅)ရက်မြောက်နေ့ကို  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၌ (၅)ရက်မြောက်နေ့ ရှူပဗေဒဘာသာရပ်ကို အ-ထ-ကထန်းတပင်စာစစ်ဌာနတွင် ကျောင်းသား(၉၈)ဦး၊ ကျောင်းသူ(၁၅၁)ဦး၊ အ-ထ-က ဇရပ်ကြီးစာစစ်ဌာနတွင် ကျောင်းသား(၅၄)ဦး ကျောင်းသူ(၁၀၆)ဦး၊ အ-ထ-ကလှည်းလမ်းကူး စာစစ်ဌာနတွင် ကျောင်းသား(၄၇)ဦး ကျောင်းသူ(၅၄)ဦး စုစု‌ပေါင်းဦးရေ (၅၁၀)ဦး၊ ပျက်ကွက်(၇၄)ဦး၊ (၈၇.၃၃)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အေးချမ်းသာယာစွာနှင့် အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးနှင့် လ/ထ ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ကျောင်းအတွင်း/အပြင်လုံခြုံရေး၊ ကျောင်းသား/သူများ၏ လုံခြုံရေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)