အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

MNP - ဧပြီ    ၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁ ၃၃၀ ဦး ၊အ.ထ.က-၂ တွင် ၂၀၀ ဦး ၊အ.ထ.က ရွာသစ်တွင် ၁၅၉ ဦး၊အ.ထ.က ကြို့ကုန်းတွင် ၂၀၆ ဦး ၊အ.ထ.က-တကူဆိပ်တွင် ၁၀၂ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၈၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၇၄ ဦး၊ အ.ထ.က ကျုံတလုတ်တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၅၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၄၃ ဦးတို့သည် ဧပြီလ ၆ ရက်နေ့နံနက် ၉ နာရီက ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၁၊ အတွဲ-၂၊ အတွဲ- ၇ ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ ၁၃၂၉ ဦး ရှိသော်လည်း ၈၆ ဦး ဖြေဆိုမှုပျက်ကွက်ခဲ့ပြီး ၁၂၄၃ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၅၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းအနေဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများပါဝင်ပြီး၊ အတွင်းစည်းအနေဖြင့် ဆရာ/မများနှင့် တာဝန်ရှိသူများမှ စောင့်ကြပ်ကြည့်ရှုပြီး အဆိုပါစည်းများ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)