မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအား ၁/၂၀၂၁ ညွှန်ကြားချက်ပါ အချက်အလက်များအား ကွင်းဆင်းရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအား ၁/၂၀၂၁ ညွှန်ကြားချက်ပါ အချက်အလက်များအား ကွင်းဆင်းရှင်းလင်း

 


MNP - ဧပြီ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ အမှတ် (၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ စားသုံးဆီရောင်းချ လျက်ရှိသည့် လုပ်ငန်းရှင်များအား ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ကွင်းဆင်းရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းဇော်လတ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ‌ ဒေါ်ခိုင်မွန်သောင်း၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဦးခိုင်ထွန်းဇော် တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဗိုလ်ချုပ်ဈေး အတွင်းရှိ စားသုံးဆီရောင်းဝယ်ဖောက်ကားလျက်ရှိသည့် လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံ ၍ ၁/၂၀၂၁ ညွှန်ကြားချက်ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်အောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)